Web Security လေ့လာတော့မယ်ဆိုရင် ပထမဆုံးလိုအပ်တဲ့ အရာများကို Install လုပ်ထားစေချင်ပါတယ်။
Operating System Windows ပဲ သုံးသုံး Linux ပဲသုံးသုံးအဆင်ပြေပါတယ်။ Kali or Ubuntu ကြိုက်ရာသုံးလို့ရပါတယ်။ ဒီမှာတော့ Windows ပဲသုံးမှာဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ Operating System ကို ကိုယ်သုံးတတ်ရပါမယ်။ Red Hat Based များအား သုံးနေကျမဟုတ်တာကြောင့် ဘယ်လိုလုပ်ရမလဲလာမေးခြင်း သည်းခံပါ။ Tool အနည်းငယ်ကိုပဲသုံးမှာဖြစ်တာကြောင့် Tool Installation များကိုလည်း သင်ပေးမှာမဟုတ်ပါဘူး။ သက်ဆိုင်ရာ Video Link တော့ပေးထားပါတယ်။
Web Server Web Development မဟုတ်ပဲ Web Security ကိုပဲ အဓိကထားတာဖြစ်လို့ Xampp ကိုပဲအသုံးပြုပါမယ်
Download Link
https://www.apachefriends.org/download.html
Windows အသုံးပြုသူများကြည့်ရန်
https://www.youtube.com/watch?v=N6ENnaRotmo
Linux ( Kali ) အသုံးပြုသူများကြည့်ရန်
https://www.youtube.com/watch?v=jP5PScDD6_Q
Text Editor ကြိုက်နှစ်သက်ရာ ကိုအသုံးပြုနိုင်ပေမဲ့ Sublime Text ကို သုံးမှာဖြစ်ပါတယ်
Download Link
https://www.sublimetext.com/3
Discussion Group မေးမြန်းရန်
https://www.facebook.com/groups/353464268682527/